ကျိန္တလီမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းဆောင်ရွက်

ကျိန္တလီ ဖေဖော်ဝါရီ ၁၇

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ယနေ့မွန်းလွဲ ၁ နာရီအချိန်က ကျိန္တလီမြို့ အ-ထ-က ကျောင်းနှင့် လျှပ်စစ်ရုံးဝန်ထမ်းများအား အခမဲ့ငှားရမ်းပေးခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် စာကြည့်တိုက်သို့မလာရောက်နိုင်သည့် ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများအား စာပေဖတ်ရှုနိုင်စေရေး၊ စာပေမှရရှိသည့် အသိပညာဗဟုသုတများတိုးပွားစေရေးနှင့် စာပေဖတ်ရှုသည့် အလေ့အထများရရှိစေရန်ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ပြီး သုတ/ ရသ စာအုပ်များကို စာဖတ်ပရိသတ်အကြိုက် ငှားရမ်းပေးခဲ့သည်။

အဆိုပါ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို တစ်ပတ်ပြည့်လျှင် စာအုပ်အသစ်များဖြင့် လဲလှယ်ငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဇော်လင်း