ပေါက်တောမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဌာနဆိုင်ရာရုံးအချို့နှင့် မြို့မစျေးကြီးသို့ကွင်းဆင်းစစ်ဆေး

ပေါက်တော ဖေဖော်ဝါရီ ၁၇

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဌာနဆိုင်ရာရုံးအချို့နှင့် မြို့မစျေးကြီးသို့ ကွင်းဆင်းစစ်ဆေးခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှ ယနေ့နံနက် ၁၁ နာရီအချိန်က ဆောင်ရွက်ခဲ့ကြသည်။

ထို့သို့ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဦးမျိုးမင်းထွန်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များသည် မြို့နယ်ထွေ/အုပ်ရုံး၊ မြို့နယ်လဝကရုံးနှင့် မြို့မစျေးကြီးသို့သွားရောက်ကာ မီးဘေးလုံခြုံမှုရှိစေရေးအတွက် မီးသတိမူရေး၊ မီးဘေးကြိုတင်ကာကွယ်ရေး စီမံချက်များရေးဆွဲထားရှိရေး၊ လျှပ်စစ်ဝါယာကြိုးများသွယ်တန်းရာတွင် စနစ်တကျ ရှိ/မရှိ၊ မီးပလပ်/ ခလုတ်အားဟောင်းနွမ်းပျက်စီးနေပါက အသစ်လဲလှယ်တပ်ဆင်ရေး၊ မီးသတ်ပစ္စည်းကိရိယာများဖြစ်သော မီးသတ်ဆေးဘူး၊ မီးသတ်ရေပုံးများ၊ မီးချိတ်၊ မီးကပ်များ၊ သဲအိတ်များ၊ ရေပုံးများ၊ ရေကန်များ၌ရေများဖြည့်တင်းကာ အသင့်ထားရှိရန်လိုအပ်ကြောင်းနှင့် မီးဘေးလုံခြုံရေးနှင့် အရေးပေါ် လွတ်မြောက်နိုင်ရေးအတွက် အရေးပေါ်ထွက်ပေါက်များထားရှိရေး၊ မီးဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဆောင်ရန်ရှောင်ရန်များ၊ မတော်တဆမီးလောင်မှုဖြစ်ပွားပါက မီးသတ်ဦးစီးဌာနသို့ ဆက်သွယ်ရမည့်ဖုန်းနံပါတ်များအား ထားရှိစေရေးတို့ကို အကြံပြုလမ်းညွန်မှာကြားခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)