ပေါက်တောမြို့နယ် လူထုအခြေပြုဗဟိုဌာနရှိ (Mini Museum) ပြတိုက်ငယ်သို့ ကျောင်းသား ကျောင်းသူများ စိတ်ဝင်စားစွာလာရောက်လေ့လာ

ပေါက်တော ဖေဖော်ဝါရီ ၁၇

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပေါက်တောမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ရှိ (MiniMuseum) ပြတိုက်ငယ်သို့ ပေါက်တောမြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများက ယနေ့နံနက်တွင် လာရောက်လေ့လာကြသည်။

ပြတိုက်ငယ် (Mini Museum) တွင် ခင်းကျင်းပြသထားသော မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၊ ရခိုင်တိုင်းရင်းသားများ၏ ရိုးရာပွဲတော်များ၊ ဓညဝတီခေတ်မှ မြောက်ဦးခေတ်အထိ ရခိုင်ဗောင်းတော်များ၊ ရခိုင်ဘုရင်များ ခေတ်အဆက်ဆက်အသုံးပြုခဲ့သည့် ရခိုင်ဒင်္ဂါးများ၊ ရခိုင်တိုင်းရင်းသား ယဉ်ကျေးမှုအသုံးအဆောင်ပစ္စည်းများ၊ ရခိုင်တိုင်းရင်းသားတို့၏ လက်မှုအနုပညာပစ္စည်းများ၊ ရခိုင်ဘာသာဖြင့်ထုတ်ဝေထားသော ဘုရားသမိုင်းများ၊ မြို့နယ်အတွင်းရှိ အထင်ကရဂူဘုရားသမိုင်းများအကြောင်းများကို ခင်းကျင်းပြသထားရာ ကျောင်းသား ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာမှတ်သားကြပြီး သိရှိလိုသည့်အကြောင်းအရာများကိုမေးမြန်းကြရာ ဦးစီးအရာရှိ ဒေါ်တင်တင်စိန်က ရှင်းလင်းပြောကြားသည်။

ဝင်းမင်းစိုး