မောင်တော ဖေဖော်ဝါရီ ၁၇
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ (၄)မိုင်ဈေးအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ ယနေ့နံနက် ၉ နာရီအချိန်က ဈေးဆိုင်များအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးစီးအရာရှိ ဦးထွန်းရွှေခိုင် ဦးဆောင်၍ တပ်ဖွဲ့ဝင်များက၊ ဈေးကော်မတီအဖွဲ့တို့မှ (၄)မိုင်ဈေးရှိဈေးရောင်းချသူများအနေဖြင့် မီးလောင်မှုဖြစ်ပွားပါက ရှေးဦးစွာ မီးငြှိမ်းသတ်ဆေးဘူးဖြင့် စနစ်တကျမီးငြှိမ်းသတ်မှုများ၊ မီးလောင်မှုဖြစ်ပွားနေစဉ် မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းတတ်စေရန် ဈေးသူ၊ ဈေးသားများအား ရှင်းလင်းပြောကြားပြီး မြို့မဈေးကြီးအတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မီးချိတ်၊ မီးကပ်များ၊ သဲအိတ်များ၊ ရေပုံး၊ ရေကန်များ၊ ရေပိုက်ခေါင်းများ၊ မီးသတ်ဆေးဘူးများ အလွယ်အတူအသုံးပြုနိုင်ရန် အဆင်အသင့်ဆောင်ရွက်ထားရန်၊ မီးသတ်ဆေးဘူးများဟောင်းနွမ်းနေပါက အသစ်လဲလှယ်တပ်ဆင်ကြစေရန်၊ ဈေးအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးအကြုံပြုခဲ့ကြကြောင်း သိရသည်။
သက်လွင်စိုး ၊ အောင်ကျော်စိန်