ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် စက်သုံးဆီဆိုင်များနှင့် ရေသန့်စက်ရုံအား မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်

မောင်တော ဖေဖော်ဝါရီ ၁၇

ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် စက်သုံးဆီဆိုင်များနှင့် ရေသန့်စက်ရုံအား ယနေ့နံနက် ၁၁ နာရီအချိန်က မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးစီးအရာရှိ ဦးထွန်းရွှေခိုင် ဦးဆောင်၍ တပ်ဖွဲ့ဝင်များက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့ပေါ်ရှိစက်သုံးဆီဆိုင်များတွင် ဆီဖြည့်နေစဉ် မီးလောင်မှု၊ မီးလန့်မှုများ၊ မဖြစ်ပွားစေရန်နှင့် စက်သုံးဆီ သိုလှောင်ထားရှိမှုများသည် မီးသတ်ဦးစီးဌာနမှ သတ်မှတ်ထားသောစည်းကမ်းချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ၊ စက်သုံးဆီဆိုင်များနှင့် ရေသန့်စက်ရုံများတွင် မတော်တဆမီးလောင်မှုဖြစ်ပွားပါက မီးငြှိမ်းသတ်ဆေးဘူးများထားရှိကာ အသုံးပြုတတ်စေရေး၊ စက်သုံးဆီဆိုင်များတွင် အများပြည်သူများသိရှိစေရေးအတွက် မီးဘေးလုံခြုံရေး ပညာပေးဆိုင်ဘုတ်များထားရှိစေရေး၊ ရေသန့်စက်ရုံအတွင်းသွယ်တန်းထားသော လျှပ်စစ်ဝါယာကြိုးများ ဟောင်းနွမ်းပေါက်ပြဲမှု ရှိ/မရှိ စသည့်တို့ကို အကြုံပြုကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။

သက်လွင်စိုး