ရမ်းဗြဲ ဖေဖော်ဝါရီ ၁၇
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်၍ ယနေ့နံနက် ၁၁ နာရီက သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ခြင်းဆိုင်ရာအသိပညာပေး Talk Show ကို ပြုလုပ်ဆောင်ရွက်ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အောင်တင်ကြည်က လူမှုရေးပင်စင်ထောက်ပံ့ခြင်းဆိုင်ရာ အကြောင်းအရာများကို မြို့နယ်လူမှုဝန် ထမ်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးမြင့်ရွှေအား တွေ့ဆုံမေးမြန်းခဲ့သည်။
ထိုနောက် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးမြင့်ရွှေမှ အသက်ကြီးဘိုးဘွားများကို လူမှုရေး ပင်စင်ထောက်ပံ့ခြင်းဆိုင်ရာ အကြောင်းအရာများကို ရှင်းလင်းဆွေးနွေး ပြောကြားရာတွင် လူမှုရေးပင်စင်ကို အသက်(၈၅)နှစ်နှင့်အထက်ရှိသူ ဘိုးဘွားများကိုထောက်ပံ့ပေးကြောင်း၊ လူမှုရေးပင်စင်ရရှိရေးအတွက် လျှောက်ထားလိုသူများအနေဖြင့် အိမ်ထောင်စုစာရင်း၊ မှတ်ပုံတင်လိုအပ်ကြောင်း အိမ်ထောင်စုစာရင်း၊ မှတ်ပုံတင်မရှိလျှင် ရပ်ရွာလူကြီးများ၏ထောက်ခံချက်၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်၊ လဝကရုံး၏ထောက်ချက်နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ထောက်ခံချက်များရယူပြီး လူမှုဝန်ထမ်းဦးစီးဌာနတွင် လျှောက်ထားနိုင်ကြောင်း ရမ်းဗြဲမြို့နယ်အတွင် အသက်(၈၅)နှစ်နှင့်အထက် အဘိုး(၃၉၃)ဦး၊ အဘွား(၆၇၃)ဦး စုစုပေါင်း(၁၀၆၆)ဦးရှိပြီး ၎င်းသူတို့အား ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် တတိယ(၃)လပတ်ဖြစ်သော အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလများအတွက် တစ်ဦးလျှင် ကျပ်သုံးသောင်းနှုန်းဖြင့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၃၁ ) ရက်နေ့ထောက်ပံ့ပေးခဲ့ရာ အဘိုးအဘွား(၁၀၆၆) ဦးအတွက် ကျပ်သိန်းပေါင်း(၃၁,၉၈၀,၀၀၀)ကို ထောက်ပံ့ပေးအပ်ခဲ့ပြီး ဖြစ်ပါကြောင်းကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
အောင်နိုင် (ပြန်/ဆက်)