စစ်တွေ တက္ကသိုလ်၌ " လူငယ်နှင့်နည်းပညာ" ခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်းကျင်းပ

စစ်တွေ  ဖေဖော်ဝါရီ   ၁၇

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စစ်တွေတက္ကသိုလ်တို့ပူးပေါင်း၍" လူငယ်နည်းပညာ" ခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်းကို ယနေ့နံနက် ၉ နာရီခွဲက စစ်တွေတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမဆောင်တွင် ကျင်းပခဲ့သည်။

ဦးစွာ စစ်တွေတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာ ခင်မောင်ဇော်က အဖွင့်အမှာ စကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ရခိုင်ပြည်နယ်ရုံး  ညွှန်ကြားရေးမှူး ဦးတင်ကိုဝင်းက လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြား သည်။

ဆက်လက်၍ လူငယ်စကားဝိုင်းကို ကျင်းပရာစစ်တွေတက္ကသိုလ် အဏ္ဏဝါသိပ္ပံဌာနမှ လက်ထောက်ကထိကဒေါ်ဝင်းထက်စံနှင့်နှင့် စီးပွာ းရေးပညာဌာနမှနည်းပြ ဒေါ်ဆွေဇင်တို့က  ဦးဆောင်ဆွေးနွေးသူများအဖြစ် ပါဝင်ဆောင်ရွက်ပြီး စစ်တွေတက္ကသိုလ်မှရူပဗေဒ  ဒုတိယနှစ် ဂုဏ်ထူးတန်းကျောင်းသား မောင်ထက်အာကာမိုး၊  တတိယနှစ်ဥပဒေပညာ ကျောင်းသား မောင်ဘုန်းပြည့်ဖြိုး၊ စီးပွားရေးပညာ ပထမနှစ်ကျောင်းသားမောင်ထွန်းဇော်မြင့်မြတ်၊ စိတ်ကြိုက်မြန်မာစာ ပထမနှစ်ကျောင်းသား မောင်ပိုင်နိုင်ဖြိုးကျော်၊ မဟာဝိဇ္ဇာပထမနှစ် အင်္ဂလိပ်စာ ကျောင်းသား မောင်ရဲလင်းထွန်းနှင့် ဘူမိဗေဒ စတုတ္ထနှစ် ကျောင်းသား မောင်မြတ်သူတို့က  "လူငယ်နှင့်နည်းပညာ" ခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားခဲ့ကြသည်။

ဆွေးနွေးပြောကြားချက်များအပေါ် တက်ရောက်လာကြသော ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက မေးမြန်းဆွေးနွေး၊ဖြေကြားကြပြီး လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးကြသည့် ကျောင်းသား၊ ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)