တောင်ပြိုလက်ဝဲမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက်မီးဘေးလုံခြုံရေး အသိပညာပေး ဟောပြောခြင်းနှင့် မီးငြိမ်းသတ်ရေး သရုပ်ပြသ

တောင်ပြိုလက်ဝဲ ဖေဖော်ဝါရီ ၁၇

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက်   အခြေခံပညာအထက်တန်းကျောင်း၌ မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်း နှင့် မီးငြိမ်းသတ်ရေး သရုပ်ပြသခြင်းကို ​ပြန်လည်လက်ခံရေးစခန်းမှမီးသတ်တပ် ဖွဲ့ဝင်များက  ယမှန်နေ့ နေ့လယ် ၂ နာရီအချိန်က ဆောင်ရွက်ခဲ့ကြသည်။

ထို့သို့ ဆောင်ရွက်ရာတွင်   တောင်ပြိုလက်ဝဲမြို့ ပြန်လည်လက်ခံရေးမီးသတ်စခန်းမှ တာဝန်ခံဦးကျော်စိုး ဦးဆောင်၍ တပ်ဖွဲ့ဝင်များကအခြေခံပညာအထက် တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများအား   မီးဘေးအန္တရာယ်နှင့်ပတ်သတ်၍အသိပညာပေးခြင်း မီးကိုစနစ်တကျအသုံးပြုစေရေး ၊  လျှပ်စစ်မီးများမလိုအပ်ဘဲ အသုံးမပြုကြရန်၊ မီးကြွင်းမီးကျန်များကိုမစားကြရန်၊ မီးသည်အလွန်တစ်ရာမှ ကြောက်စရာကောင်းပါကြောင်း၊ မီးဘေး၊လေဘေး၊ ရေဘေးများဖြစ်ပေါ်ပါက မိမိဌာနမှဝတ်ဆင်ရသောဝတ်စုံများအကြောင်းကိုလည်း ကျောင်းသား၊ကျောင်းသူများသိရှိအောင် စသည့်တို့အား အသိပညာပေးဟောပြောခဲ့သည်။

ယင်းနောက် မီးသတ်တပ်ဖွဲ့ဝင်များက  မီးငြိမ်းသတ်ရာတွင် ရှေးဦးစွာ မီးချိပ်များ၊ မီးကပ်ပြား များ၊မီးသတ်ဆေးဘူး ၊ အဝတ်စိုဖြင့် မီးငြိမ်းသတ်ခြင်းပုံများ ၊ ရေပိုက်ကိုင်ဆောင်ကာ မီးငြိမ်း သတ်ပုံများ ၊ မီးငြိမ်းသတ်ပုံနည်းစနစ်များတို့ကို လက်တွေ့လေ့ကျင့်စေခြင်းများအား ဆောင်ရွက်ပြသခဲ့ကြကြောင်း သိရ သည်။

သိန်းနိုင်(ပြန်/ဆက်)