ကျိန္တလီမြို့၌ အသက် (၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်အိမ်တိုင်ရာရောက်ပေးအပ်

ကျိန္တလီ   ဖေဖေါ်ဝါရီ  ၁၇

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့ပေါ်ရပ်ကွက် (၃)ရပ်ကွက်ရှိ အသက်(၈၅)နှင့်အထက် ဘိုးဘွားများအား ယမန်နေ့ နေ့လည်ပိုင်းက လူမှုရေးပင်စင် ထောက်ပံ့ငွေများကို တာဝန်ရှိသူများက အိမ်တိုင်ရာရောက်သွားရောက်ပေးအပ်ခဲ့ကြောင်းသိရသည်။

ကျိန္တလီမြို့၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် တတိယ သုံးလပတ် အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလ များအတွက် ကျိန္တလီမြို့ပေါ်(၃)ရပ်ကွက်ရှိ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွား ၅၄-ဦးအတွက် တစ်ဦးလျှင် လူမှုရေးပင်စင်ထောက်ပံ့ငွေ ၃၀၀၀ဝိ/- ကျပ်နှုန်းဖြင့် စုစုပေါင်း (၁၆၂၀၀၀ဝိ/-) တစ်ဆယ့်ခြောက် သိန်းနှစ်သောင်းကျပ်တိတိကို သက်ဆိုင်ရာ ရက်ကွက် အုပ်ချုပ်ရေးမှူးနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များက အသီးသီးပေးအပ်ခဲ့ကြောင်းသိရသည်။

ဇော်လင်း