ပေါက်တောမြို့နယ် သဝင်ချောင်းကျေးရွာ၌ မြစိမ်းရောင်ရန်ပုံငွေ (အဋ္ဌမ) အကြိမ်ထုတ်ချေးပေး

ပေါက်တော  ဖေဖော်ဝါရီ ၁၇

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ မြစိမ်းရောင်စီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ပြန်လည်ထုတ်ချေးခြင်းကို ယနေ့နံနက် ၁၁ နာရီက သဝင်ချောင်း ကျေးရွာရှိ အသင်းသားအသင်းသူများအား (အဋ္ဌမ) အကြိမ်ပြန်လည်ထုတ်ချေးပေးကြသည်။

ရှေးဦးစွာ ကျေးရွာစီမံကိန်းလုပ်ငန်းကော်မတီအဖွဲ့ဝင်များနှင့်တွေ့ဆုံကာ မြစိမ်ရောင် ကျေးရွာစီမံကိန်းရည်ရွယ်ချက်များ၊ စီမံကိန်းဆောင် ရွက်ခြင်း အကျိုးကျေးဇူးများနှင့် လုပ်ငန်းစဉ်များကို မြို့နယ် ဦးစီးမှူး ဦးသန်းထွန်းက ရှင်းလင်းပြောကြားပြီး သဝင်ချောင်းကျေးရွာ၌ မြစိမ်း ရောင်ကျေးရွာ စီမံကိန်း(အဋ္ဌမ) အကြိမ်ရန်ပုံငွေ ထုတ်ချေးရာတွင် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ တစ်ဦးအား ၂ဝ၀၀၀၀ ကျပ်၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၁၉ ဦး အား ၄ဝ၀၀၀၀ဝကျပ်၊ရေလုပ်ငန်း လုပ်ကိုင်သူ ၁၀၃ ဦးအား  ၃၅ဝဝ၀၀၀၀ ကျပ်၊အရောင်းအဝယ် လုပ်ငန်းလုပ်ကိုင်သူ ၂၁ ဦးအား ၅၂ဝ၀၀၀၀ ကျပ်၊အသက်မွေးဝမ်းကျောင်း လုပ်ကိုင်သူ ၉ ဦးအား ၁၉၀၀၀၀၀ ကျပ်  စုစုပေါင်း အသင်းသား၊ အသင်းသူ  ၁၅၃ ဦးအတွက် ရန်ပုံငွေ ၄၆၃၀၀၀၀၀ ကျပ်ကို ကျေးရွာအရောက်ထုတ်ချေးပေးကြကြောင်းသိရသည်။

ဝင်းမင်းစိုး(ပြန်/ဆက်)