ကျိုက်ထို ဖေဖော်ဝါရီ ၁၆
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် (၇၅) နှစ်မြောက် မြန်မာ-ရုရှား သံတမန်ဆက်ဆံ ရေးထူထောင်မှု အထိမ်းအမှတ် အသိပညာပေး နံရံကပ်စာစောင်ကို အများပြည်သူများ သိရှိလေ့လာနိုင်ရန်အတွက် ယမန်နေ့မွန်းလွဲမှ စတင်ပြသဆ ောင်ရွက်ထားကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျိုက်ထိုမြိုနယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ ကျောင်းသား ကျောင်းသူများနှင့် ဒေသနေပြည်သူများအား ဖေဖော်ဝါရီလ (၁၈) ရက်နေ့တွင် ကျရောက်မည့် (၇၅) နှစ်မြောက် မြန်မာနှင့်ရုရှားတို့၏ သံတမန်ဆက်ဆံရေး ထူထောင်မှုအထိမ်းအမှတ်အဖြစ် နှစ်နိုင်ငံ ချစ်ကြည်ရေးခရီးစဉ်မှတ်တမ်းများ၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မှတ်တမ်းများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အဖွဲ့ဝင်များ အရှေ့ဖျားရေငုတ်သင်္ဘောဌာနချုပ်၊ အာကာသလွှတ်တင်ရေး စခန်း၊ လေယာဉ်ထုတ်လုပ်ရေးစက်ရုံများ လေ့လာကြည့်ရှုခဲ့သည့် မှတ်တမ်းပုံများအား ပြသဆောင်ရွက်ထားကြောင်း သိရသည်။
အဆိုပါ နံရံကပ်ပြဘုတ်တွင်နှစ်နိုင်ငံအစိုးရ အကြီးအကဲများအချင်းချင်း ပူးပေါင်း ဆောင်ရွက်ခဲ့သည့် မှတ်တမ်းဓါတ်ပုံ (၂၀) ပုံအားပြသပေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)