ပေါက်တော ဖေဖော်ဝါရီ ၁၇
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့ညနေ ၃ နာရီက ပေါက်တောမြို့နယ်တောင်းဖူးကျေးရွာရှိ အ.လ.ကကျောင်း စုပေါင်းခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဝင်းမင်းစိုးနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြမင်းထွန်းတို့က အဖွင့်အမှာစကား အသီးသီးပြောကြားကြသည်။
ဆက်လက်၍ လူငယ်စကားဝိုင်းအားစတင်ရာ ဦးဆောင်ဆွေးနွေးသူအဖြစ် ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ ဒုတိယဦးစီးမှူး ဦးဝင်းမင်းစိုးက ဦးဆောင် ဆွေးနွေးကာ Grade -8 မှ ကျောင်းသူ မမြတ်ဆန်းဝေက လူငယ်နှင့်ရည်မှန်းချက်၊ Grade-8မှ ကျောင်းသူ မမြတ်မြတ်ဆန်း စာတတ်ဖို့သာမက ပညာတတ်ဖို့ပါ ကြိုးစားကြ၊ Grade-8 မှ ကျောင်းသား မောင်ကျော်ဝင်းစိုးက လူငယ်နှင့်စာရိတ္တ၊ Grade-8မှ ကျောင်းသား မောင်ဇော်ဇော်ဟိန်းက လူငယ်နှင့် ပေါင်းသင်းဆက်ဆံရေး အစရှိသည့်ခေါင်းစဉ်ပါ အကြောင်း အရာများကိုအသီးသီးဆွေးနွေးပြောကြားကြသည်။
ထို့နောက် တက်ရောက်လာကြသည့်ကျောင်းသား ကျောင်းသူများက မိမိတို့သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ သက်ဆိုင်ရာ ခေါင်းစဉ်အလိုက် ဦးဆောင်ဆွေးနွေးသူ ကျောင်းသားကျောင်းသူ(၄)ဦးကပြန်လည်ဖြေကြားခြင်းဖြင့် အပြန်အလှန်ဆွေးနွေးကြသည်။ အဆိုပါလူငယ် စကားဝိုင်းဆွေးနွေးပွဲသို့ ပေါက်တောမြို့နယ်တောင်းဖူးကျေးရွာရှိ အလကကျောင်းမှ ကြီးကြပ်ဆရာမများ၊ ကျောင်းသားကျောင်းသူများ တက်ရောက်ကြသည်။
ထို့ပြင်ခန်းမအတွင်းပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော အသိပညာပေးနံရံကပ်စာစောင်တို့ကိုစိတ်ဝင်စားစွာ ကြည့်ရှုကြသည်။
ဝင်းမင်းစိုး (ပြန်/ ဆက်)