လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာန Community Centre တွင် (၇၅)နှစ်မြောက် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေးထူထောင်မှု အထိမ်းအမှတ် နံရံကပ်ဓာတ်ပုံများပြသထား

လားရှိုး ဖေဖော်ဝါရီ ၁၇

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ(၁၈)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေးထူထောင်မှု အထိမ်းအမှတ်အနေဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာန Community Centre တွင် နံရံကပ် ဓာတ်ပုံများ ပြသထားသည်။

အဆိုပါ နံရံကပ်ပြဘုတ်တွင် မြန်မာ-ရုရှားသံတမန် ဆက်ဆံရေးထူထောင်မှု အထိမ်းအမှတ်အနေဖြင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု မှတ်တမ်းဓါတ်ပုံများ၊ နှစ်နိုင်ငံအကြီးအကဲများ ရင်းရင်းနှီးနှီး တွေ့ဆုံဆွေးနွေးနေမှု မှတ်တမ်းဓာတ်ပုံများကို ပြည်သူလူထုများ ကြည့်ရှုလေ့လာနိုင်ရန် ပြသထားခြင်းဖြစ်သည်။ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ နံရံကပ်ပြဘုတ်များတွင် နိုင်ငံတော်အစိုးရ၏ မူဝါဒများ၊ နိုင်ငံတော်အကြီး အကဲများ၏တိုင်းကျိုးပြည်ပြုမှတ်တမ်းဓာတ်ပုံများ၊ အထိမ်းအမှတ်နေ့များနှင့် ပတ်သက်သည့် မှတ်တမ်းဓာတ်ပုံများ အပါအဝင် အခြားဗဟုသုတရဖွယ် အကြောင်းအရာများအား အချိန်နှင့်အမျှ ပြသလျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)