ပေါက်တော ဖေဖော်ဝါရီ ၁၆
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်၌ အသက် ၈၅ နှစ်နှင့်အထက် ဘိုးဘွားများအား ယမန်နေ့ နေ့လယ်ပိုင်းက လူမှုရေးပင်စင်ထောက်ပံ့ငွေများကို ပေါက်တောမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သဇင်မိုးနှင့် တာဝန်ရှိသူများက အိမ်တိုင်ရာရောက် သွားရောက်ပေးအပ်ကြကြောင်း သိရသည်။
ပေါက်တောမြို့နယ်၌ ၂၀၂၂ -၂၀၂၃ ခု ဘဏ္ဍာရေးနှစ် တတိယသုံးလပတ် အောက်တိုဘာ၊ နိုဝင်ဘာလ၊ ဒီဇင်ဘာလများအတွက် ပေါက်တောမြို့နယ်၌ အသက် ၈၅ နှစ်နှင့်အထက် ဘိုးဘွား ၄၈၁ ဦးအတွက် တစ်ဦးလျှင် လူမှုရေးပင်စင်ထောက်ပံ့ငွေ ၃၀၀၀၀/- ကျပ်ဖြင့် စုစုပေါင်း တစ်ရာ့လေးဆယ့်လေးသိန်းသုံးသောင်းကျပ် တိတိကို အသီးသီးပေးအပ်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများမှတဆင့် အသီးသီး ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)