သံတွဲ ဖေဖော်ဝါရီ ၁၆
သံတွဲခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် နိုင်ငံတော်အကြီးအကဲများ၏ ဆောင်ရွက်ချက်မှတ်တမ်းများအား ပြည်သူများထံသို့အချိန်နှင့်တပြေးညီ တင်ပြပေးနိုင်ရေး လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင်ကျရောက်မည့် (၇၅)နှစ်မြောက် မြန်မာ-ရုရှားသံတမန်ဆက်ဆံရေးထူထောင်မှုအထိမ်းအမှတ် မှတ်တမ်းဓာတ်ပုံများအား ယနေ့ နံနက် ၁၀ နာရီက သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre) မြေစိုက်နံရံကပ်ပြဘုတ်၌ ပြသထားရှိသည်။
ထိုသို့ပြသရာတွင် မြန်မာ-ရုရှနှစ်နိုင်ငံဆက်ဆံရေး မှတ်တမ်းဓါတ်ပုံများဖြစ်သည့် မြန်မာနိုင်ငံသမ္မတများနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ အကြီးအကဲများနှင့် တွေ့ဆုံဆွေးနွေးမှုများ၊ အစည်းအဝေးတက်ရောက်မှုမှတ်တမ်းများ၊ နိုင်ငံပိုင်တည်ဆောက်ရေး လုပ်ငန်းများအား လေ့လာကြည့်ရှုမှု မှတ်တမ်းဓာတ်ပုံများနှင့် ပြည်ထောင်စုနေ့အကြောင်း သိကောင်းစရာများအား ဝေဝေဆာဆာ ပြသထားရှိသည်။
ခရိုင် (ပြန်/ ဆက်)