မြောက်ဦး ဖေဖော်ဝါရီ ၁၆
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့မြေစိုက်နံရံကပ်ပြဘုတ်၌ မြန်မာ-ရုရှားနှစ်နိုင်ငံသံတမန်ဆက်ဆံရေးမှတ်တမ်းဓာတ်ပုံများ ပြသခြင်းကို ယမန်နေ့နေ့လယ် ၁ နာရီအချိန်က ပြသခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရုပ်သံကျွမ်းကျင်-၃ ဦးဦးမောင်ဝင်းက မြန်မာ-ရုရှားနှစ်နိုင်ငံ သံတမန်ဆက်ဆံရေးမှတ်တမ်းဓာတ်ပုံများကို လာရောက်ကြည့်ရှုကြသော ဒေသခံပြည်သူများနှင့် ကျောင်းသူ/ကျောင်းသားများအားပြသထားသည့် နိုင်ငံတော်အကြီးအကဲများ၏ မှတ်တမ်းဓာတ်ပုံတစ်ခုချင်းအလိုက် ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ မြန်မာ-ရုရှားနှစ်နိုင်ငံ သံတမန်ဆက်ဆံရေးမှတ်တမ်းဓာတ်ပုံများတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ၊ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နှင့် ရုရှားသမ္မတတို့၏ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နေသော မှတ်တမ်းဓာတ်ပုံများ၊ နိုင်ငံတော်သမ္မတဦးသိန်းစိန် နှင့် နိုင်ငံတော်သမ္မတဦးထင်ကျော်တို့၏ နှစ်နိုင်ငံသံတမန်ဆက်ဆံရေးထူထောင်ရေးအထိမ်းအမှတ် မှတ်တမ်းဓာတ်ပုံများ ၊ နှစ်နိုင်ငံအကြီးအကဲတွေ့ဆုံမှုမှတ်တမ်းဓာတ်ပုံများ စုစုပေါင်း (၂၀) ပုံ တို့ကို လာရောက်ကြည်ရှုကြသော ဒေသခံပြည်သူများ ၊ ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာ လာရောက်ကြည့်ရှုလျှက်ရှိကြောင်း သိရသည်။
မြင့်စိုး ၊ စိုးငြိမ်းနိုင် (ပြန်/ဆက်)