ရသေ့တောင် ဖေဖော်ဝါရီ ၁၆
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေးMobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ယမန်နေ့ နေ့လည်၁နာရီ အချိန်က မြို့နယ်စာရင်းစစ်ရုံးရှေ့ လက်ဘက်ရည်ဆိုင်တွင် အခမဲ့ငှားရမ်းပေးခဲ့ကြောင်းသိရသည်။
ထိုသို့ စာအုပ်၊စာစောင်များ အခမဲ့ငှားရမ်းပေးရာတွင် ရသေ့တောင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ဝန်ထမ်းများက စာကြည့်တိုက်သို့အလုပ်မအားလပ်၍ မလာရောက်နိုင်သည့်စာဖတ်ပရိသတ်ပြည်သူများအား အသိပညာဗဟုသုတတိုးပွားစေရေးနှင့် စာအုပ်စာပေများကိုဖတ်ရှုသည့် အလေ့အထကောင်းများ ရရှိစေရေး၊စာဖတ်ရှိန်မြှင့် တင်ရေးရည်ရွယ်ပြီး သုတ၊ ရသစာအုပ်များကို နှစ်ပတ်ငှားစနစ်ဖြင့် ငှားရမ်းပေးခဲ့သည်။
အဆိုပါမိုဘိုင်းစနစ်ဖြင့် စာအုပ်၊စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို နှစ်ပတ်ပြည့်လျှင်စာအုပ် ၊စာစောင်အသစ်များဖြင့်လဲလှယ်ငှားရမ်း ပေးသွားမည်ဖြစ်ပါသည်။
ထွန်းလင်းကျော်(ပြန်/ဆက်)