အမ်းမြို့နယ်၌ (၇၅)နှစ်မြောက် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေးထူထောင်မှုအထိမ်းအမှတ် မှတ်တမ်းဓာတ်ပုံများအား နံရံကပ်ပြဘုတ်တွင်ပြသ

အမ်း ဖေဖော်ဝါရီ ၁၅

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ အမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန ရုံးရှေ့ နံရံကပ်ပြဘုတ်တွင် (၇၅)နှစ်မြောက် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေး ထူထောင်မှု အထိမ်းအမှတ် မှတ်တမ်းဓာတ်ပုံများကို ကျောင်းသားကျောင်းသူများ၊ ပြည်သူများ လေ့လာကြည့်ရှုနိုင်ရန် ယနေ့နံနက်(၉)နာရီအချိန်တွင် ပြသခဲ့သည်။

အဆိုပါမြေစိုက်နံရံကပ်ဘုတ်တွင် (၇၅)နှစ်မြောက်မြန်မာ-ရှရှား သံတမန်ဆက်ဆံရေးထူထောင်မှု အထိမ်းအမှတ်အနေဖြင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု မှတ်တမ်းပုံများ၊ နှစ်နိုင်ငံ အကြီးအကဲများတွေ့ဆုံမှု မှတ်တမ်းဓာတ်ပုံများ၊ မှတ်တမ်းဓာတ်ပုံ(၂၀)ပါဝင်ပြီး၊ အများပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ရုံးရှေ့မြေစိုက်နံရံကပ်ဘုတ်တွင် ပြသဆောင်ရွက်မှုကို ကျောင်းသားကျောင်းသူများ၊ ပြည်သူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာကြောင်း သိရသည်။

စိုးမင်းထွန်း