ရသေ့တောင်မြို့နယ်၌ ဆင်ခြေထောက်ရောဂါကင်းဝေးရေး သန်ချဆေးပေါင်းတိုက် ကျွေးခြင်းကွင်းဆင်းဆောင်ရွက်

ရသေ့တောင် ဖေဖော်ဝါရီ ၁၄

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊  ရသေ့တောင်မြို့နယ်၌ ဆင်ခြေထောက်ရောဂါကင်းဝေးရေးအတွက် ဆေးသုံးမျိုး ပေါင်း တိုက်ကျွေးခြင်းလုပ်ငန်းကို ယမန်နေ့နေ့လယ်ပိုင်းမှစတင်၍  မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနမှ ဝန်ထမ်း များ၊ မြို့နယ်မီးသတဦးစီးဌာနမှ ဝန်ထမ်းများ၊ရာအိမ်မှူးဆယ်အိမ်မှူးများ၊ မိခင်နှင့်ကလေး၊ အမျိုးသမီးရေးရာ၊ ကြက်ခြေနီအသင်း နှင့် စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများက ကွင်းဆင်းတိုက်ကျွေးလျက် ရှိကြောင်း​သိရသည်။အဆိုပါ ဆင်ခြေထောက်ရောဂါကာကွယ်ဆေးကို သောက်ခြင်းအားဖြင့် ဆင်ခြေထောက်ပိုးရှိသူများ၊ ရောဂါငုပ် နေသူများအတွက် ရောက်ဂါကုသပြီးရာရောက်ခြင်း၊ ရောဂါပိုးမရှိသူများ သောက်လျှင် ဆေးအာနိသင်ကြောင့် ရောက်ဂါကာကွယ်ပြီးသားဖြစ်သည့်အပြင်၊ သန်ကောင်၊ တုတ်ကောင်များကို နှိမ်နှင်းရာတွင်လည်း အလွန်ပင် ထိရောက်ပါကြောင်း ပြည်သူ့ကျန်းမာရေးဌာနမှ ငှက်ဖျား(အက်စပက်တာ)    ဦးချစ်တင်ထံမှ သိရသည်။

ထို့နောက် ကာကွယ်ဆေးသောက်ပြီးနောက် ကောင်းကျိုးနှင့်ဆိုးကျိုးများတွင် သန်ချဆေးဖြစ်သည့်အတွက် ကြောင့် ဆေးသောက်ပြီး လှုပ်ရှားမှုများလျှင် အနည်းငယ်မူးတတ် ၊ ပျို့အန်တတ်ပြီး ၎င်းဆေးများတွင်လည်း ဆိုးဝါးသောဘေးထွက်ဆိုးကျိုးများမရှိပါကြောင်း အစာစားပြီး ၁ နာရီအကြာမှသာစ၍ သောက်နိုင်ပြီး ဆေး သောက်ပြီးလျှင်လည်း အိပ်စက်အနားယူလိုက်လျှင် ပို၍ကောင်းမွန်တတ်ပါကြောင်းနှင့် ဆေးသောက်ပြီးလှုပ် ရှားမှုများလျှင် အနည်းငယ်မူးဝေအော့အန်တတ်ကြောင်း၊ ဆင်ခြေထောက်ရောဂါကင်းဝေးရေး သောက်သုံးရ မည့်ဆေးသုံးမျိုးတွင် အိုင်ဗာမက်တင်(Ivermectin)၊ ဒီအီးစီ( DEC) ၊ အယ်ဘန်ဒါဇော (Albendazole) ဆေးဝါး များဖြစ်ပြီး မြို့ပေါ်ရပ်ကွက်၊ကျေးရွာများသို့ သွားရောက်၍ ကာကွယ်ဆေးအား တစ်ပြိုင်နက်တည်း တိုက်ကျွေး လျက်ရှိကြောင်း သိရှိရသည်။

ထွန်လင်းကျော်(ပြန်/ဆက်)