မြောက်ဦးမြို့၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေး လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ

မြောက်ဦး ဖေဖော်ဝါရီ ၁၅

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၌ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင်  ထိန်းသိမ်းရေးဦးစီးဌာနမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ ပေးခြင်းများကို တောင်ရပ် ရပ်ကွက် မြို့မဈေးကျောင်း၌  ယနေ့ နံနက် ၁၁ နာရီကအချိန်က အခမဲ့ဖြန့် ဝေခဲ့ကြောင်း သိရသည်။

ထိုသို့  လက်ကမ်းစာစောင်ဖြန့်ဝေရာတွင်  ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးသန်းဌေးနှင့် ဝန်ထမ်းများမှ လက်ကမ်းစာစောင်များဖြန့်ဝေရာတွင် လက်ကမ်းစာစောင် တွင်ပါရှိသည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားရာ ထိန်းသိမ်းကာကွယ်စိုက်ပျိုးရေး၊ ဒီရေတောကြောင့်ရရှိသော အကျိုးကျေးဇူး၊ ဘူသားမျိုးနွယ်စုသို့ ဆင့်ကဲထိခိုက်နိုင်ခြင်း မှသည် ဆိုးရွားစွာသော ကျန်းမာရေးထိခိုက် မှုများဆီသို့ ဦးတည်ခြင်း၊ ပလက်စတစ်အပါအဝင် စွန့်ပစ်အမှိုက်များ ဆွေးမြေပျက်စီးရန်ကြာမြင့်နိုင် သည့်သက်တမ်းများ၊ လူတိုင်းတတ်နိုင်တဲ့နည်းလမ်း (၅) သွယ်၊ မြို့ ပြဧရိယာများမှ ပလက်စတစ်စွန့်ပစ် ပစ္စည်းများ၊ စွန့်ပစ်ပလစ်စတစ်ပစ္စည်းများကြောင့် ထိခိုက်နိုင်မှု၊စွန့်ပစ်ပလတ်စတစ်ပစ္စည်းများအား ပင်လယ် သက်ရှိများမှအစာအဖြစ် လွဲမှားစွာစားသုံးမှုကြောင့် သက်ရောက်နိုင်မှုများ စသောလက်ကမ်းစာစောင်တွင် ပါရှိသည့်  အကြောင်းအရာများကို ဒေသခံပြည်သူများ သိရှိစေရန်အတွက် အခမဲ့ဖြန့်ဝေပေးခဲ့ ကြောင်း သိရသည်။

 မြင့်စိုး ၊ စိုးငြိမ်းနိုင် (ပြန်/ဆက်)