ဘူးသီးတောင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အတန်းအလိုက် ကျောင်းတွင်းစစ်စာမေးပွဲများဖြေဆို

ဘူးသီးတောင် ဖေဖော်ဝါရီ ၁၅

ရခိုင်ပြည်နယ်၊ ‌မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်းများ၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)များ၊ အခြေခံပညာမူလတန်းလွန်ကျောင်းများနှင့် မူလတန်းကျောင်းများတွင် ၂၀၂၂-၂၀၂၃ခုနှစ်၊ အတန်းအလိုက် ကျောင်းတွင်းစစ်စာမေးပွဲများဖြေဆိုခြင်းကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

အဆိုပါစာမေးပွဲများတွင် Grade(4)၊ Grade(6)၊ Grade(7)နှင့် Grade(8) ကျောင်းသား၊ ကျောင်းသူများသည် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ အခြခံသိပ္ပံ/ ပထဝီဝင်၊ လူမှုရေး/ သမိုင်း၊ အထွေထွေသိပ္ပံ ဘာသာရပ်များ ဖေဖော်ဝါရီလ(၁၄)ရက်နေ့မှ (၁၆)ရက်နေ့အထိတစ်ရက်လျှင်နှစ်ဘာသာနှုန်းဖြင့်ဖြေဆိုသွားမည်ဖြစ်ပြီး၊Grade(10)၊Grade(11) ကျောင်းသား၊ကျောင်းသူများသည် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ဇီဝဗေဒ/ဘောဂဗေဒ၊လူမှုရေးသိပ္ပံဘာသာရပ်များကိုဖေဖော်ဝါရီလ(၁၄)ရက်နေ့မှ(၂၁)ရက်နေ့အထိတစ်ရက်လျှင်တစ်ဘာသာနှုန်းဖြင့်ဖြေဆိုသွားမည်ဖြစ်ကြောင်းမြို့နယ်ပညာရေးမှူးရုံးမှသိရသည်။

လှကျော်(ပြန်/ဆက်)