အမ်းမြို့နယ် လူထုအခြေပြုဗဟိုဌာန  Community Center ခန်းမ၌ စစ်တုရင် အားကစားပြိုင်ပွဲ ကျင်းပ

အမ်း ဖေဖော်ဝါရီ ၁၅

ရခိုင်ပြည်နယ် ၊ အမ်းခရိုင်၊ အမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Center ခန်းမတွင် စစ်တုရင်အားကစားပြိုင်ပွဲကို ယနေ့ နေ့လယ်(၁၂)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။ 

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစန်းဝင်းက စစ်တုရင်အားကစားပြိုင်ပွဲကျင်းပပြုလုပ်ပေးခြင်းကြောင့်  လူငယ်များအနေဖြင့်စဉ်းစားတွေး ခေါ်နိုင်မှုနှင့် ဉာဏ်ရည်ဉာဏ်သွေးကို တိုးတက်စေခြင်း၊ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်ခြင်းကို အထောက်အကူပြုစေသည့် အားကစားနည်းတစ်မျိုးဖြစ်ပြီး  စာကြည့်တိုက်ရှိ စာအုပ်စာပေများနှင့် ရင်းနှီးမှုရှိစေရန် ကျင်းပပြုလုပ်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် စစ်တုရင်အားကစားပြိုင်ပွဲကျင်းပပြုလုပ်ရာ ပြိုင်ပွဲတွင် အလယ်တန်းအဆင့်ကျောင်းသား ၁၀ဦး ဝင်ရောက်ယှဉ်ပြိုင်ကြရာ  ဆုရရှိသူများအားဦးစီးအရာရှိနှင့်တာဝန်ရှိသူ များက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

စိုးမင်းထွန်း