ပုဏ္ဏားကျွန်းမြို့နယ်၌ ဆင်ခြေထောက်ရောဂါ ကင်းဝေးရေး လူအားလုံးဆေးသုံးမျိုးပေါင်း တိုက်ကျွေးခြင်းလုပ်ငန်း ကွင်းဆင်းဆောင်ရွက်

ပုဏ္ဏားကျွန်း ဖေဖော်ဝါရီ ၁၄

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်း ဆင်ခြေထောက်ရောဂါ ကင်းဝေးစေရေးအတွက် လူအားလုံး ဆေးသုံးမျိုးပေါင်းတိုက်ကျွေးခြင်းလုပ်ငန်း ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်ပိုင်းကစ၍ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများတွင် အိမ်တိုင်ရာရောက် တိုက်ကျွေးပေး လျက်ရှိသည်။

အဆိုပါ ဆေးတိုက်ကျွေးခြင်းလုပ်ငန်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနမှ ကြီးကြပ်၍ ကြက်ခြေနီအသင်း၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဝင်များနှင့် ပရိဟိတလူငယ်အသင်းအဖွဲ့တို့ ပူးပေါင်းကာ ဖေဖော်ဝါရီလ ၁၃ ရက်မှ ၁၅ ရက်နေ့ အထိ အိမ်တိုင်ရာရောက် တိုက်ကျွေးပေးလျက်ရှိသည်။

ဆင်ခြေထောက်ရောဂါသည် ခြင်မှတစ်ဆင့်ကူးစက်တတ်ပြီး ဆင်ခြေထောက်ရောဂါကင်းဝေးရေး လူအားလုံး ဆေးသုံးမျိုးပေါင်း တိုက်ကျွေးခြင်းတွင် အိုဗာမက်တင ်(Ivermectin) ဒီအီးစီ (DEC) အယ်ဘန်ဒါဇော (Albendazole) ဆေးသုံးမျိုးပေါင်းစပ်သော ဆင်ခြေထောက်ရောဂါ ကင်းဝေးစေရေး သန်ချဆေးတိုက်ကျွေးခြင်းကို  အသက်()နှစ်အောက် ကလေးငယ်များ၊ ကိုယ်ဝန် ဆောင်မိခင်များ၊ ပြင်းထန်စွာ နာမကျန်ဖြစ်နေသူများမှအပ ကျန်လူအားလုံးကို အသက်အရွယ်နှင့် အရပ်အမြင့် (ပေ) အလိုက် ဆေးသုံးမျိုးပေါင်း ကုထုံးအညွှန်းအတိုင်း မိမိထံဆေးလာတိုက် သူများရှေ့တွင် တစ်ကြိမ်းတည်း သောက်ရမည်ဖြစ်ကြောင်း သိရသည်။

နီထွန်းအောင်(ပြန်/ဆက်)