မြောက်ဦးမြို့၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်အုပ်ချုပ်ရေးဖလား ရပ်ကွက်/ကျေးရွာအုပ်စု ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲယှဉ်ပြိုင်လျက်ရှိ

မြောက်ဦး ဖေဖော်ဝါရီ ၁၃

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်အုပ်ချုပ်ရေးမှူးဖလား ဘောလုံးပြိုင်ပွဲကို ယမန်နေ့ကစတင်၍ ဗန္ဓုလရပ်ကွက်၊ ဘောလုံးကွင်း၌ ယှဉ်ပြိုင်ကစားလျက်ရှိပြီး ပြိုင်ပွဲဝင်အသင်း ၃၀ သင်းတို့က ရှုံးထွက်ပွဲစဉ်အနေဖြင့် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။

အမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲကို ရှုံးထွက်ပွဲစဉ်များအဖြစ် ယမန်နေ့ညနေပိုင်း ၃ နာရီ အချိန်ကစတင်၍ တောင်ရပ်အသင်းနှင့် ထမ္မရာဇ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သိရသည်။

အဆိုပါ ဘောလုံးပြိုင်ပွဲများကျင်းပရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အတွင်းရဲမှူး ရဲမှူးအောင်ဝင်း နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်နေပြည်သူများတို့ ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

မြင့်စိုး၊ စိုးငြိမ်းနိုင်