ဘူးသီးတောင် ဖေဖော်ဝါရီ ၁၃
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်မြို့နယ်အား/ကာကော်မတီဖလားအလွတ်တန်းအမျိုးသား ကြက်တောင်ရိုက်ပြိုင်ပွဲ၊ ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက မြို့မအားကစားကွင်း၌ ကျင်းပပြုခဲ့ ကြောင်းသိရသည်။
(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် ကျင်းပပြုလုပ်သည့် အလွတ်တန်းအမျိုးသားကြက်တောင်ရိုက်ပြိုင်ပွဲကို ဖေဖော်ဝါရီ လ ၁၁ ရက်နေ့မှစ၍ အသင်း(၁၀)သင်းဖြင့် ယှဥ်ပြိုင်လျက်ရှိရာ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ယနေ့တွင် ကျရောက်သည့်(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် ပထမ၊ ဒုတိယ၊ တတိယရရှိသည့် အသင်းများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျန်အေးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်အား/ကာကော်မတီမှ တာဝန်ရှိသူများနှင့် မြို့နယ်အားကစားမှူးတို့က ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
လှကျော်(ပြန်/ဆက်)