တောင်ကုတ်မြို့၌ (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ရပ်ကွက်၊ကျေးရွာအုပ်စုပေါင်းစုံ အလွတ်တန်းအမျိုးသား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ အခမ်းအနား ကျင်းပ

တောင်ကုတ် ဖေဖေါ်ဝါရီ ၁၃

တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ရပ်ကွက်၊ ကျေးရွာအုပ်စုပေါင်းစုံ အမျိုးသား(အလွတ်တန်း) ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုပေးပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ (၃)နာရီအချိန်တွင် မြို့မအားကစားကွင်း၌ ကျင်းပသည်။

ဗိုလ်လုပွဲအဖြစ် နတ်မော်အသင်းနှင့် သိမ်တောင်(က)အသင်းတို့ ယှဉ်ပြိုင်ကြရာ သိမ်တောင်(က) အသင်းက သုံးဂိုးပြတ်ဖြင့် အနိုင်ရရှိသွားပြီး ဆုပေးပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ ပထမဆုရရှိသည့် သိမ်တောင်(က)အသင်း၊ တတိယဆုရရှိသည့် ကိုင်းရှည်အသင်းနှင့် အသန့်ရှင်းဆုံး ဆုရရှိသည့် သင်္ချီကိုင်း အသင်းတို့ကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်တိုးနှင့် တာဝန်ရှိသူများက ဆုများချီးမြှင့်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)