ဘူးသီးတောင်မြို့ အမှတ်(၃)ရပ်ကွက်၌ စျေးဆိုင်ခန်း(၂)ခန်း မီးလောင်ဆုံးရှုံး

ဘူးသီးတောင် ဖေဖော်ဝါရီ ၁၂

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့ အမှတ်(၃)ရပ်ကွက်၊ မြို့နယ်စည်ပင်သာယာရုံးရှေ့ရှိ ဆိုင်ခန်း (၂) ခန်း ယမန်နေ့ည ၉ နာရီခွဲခန့်က မီးလောင် ဆုံးရှုံးခဲ့ကြောင်းသိရသည်။

မီးလောင်မှုဖြစ်ပွားရာသို့ မြို့နယ်မီးသတ်ဦးစီးမှူး ဦးထွန်းဝင်းနိုင်ဦးဆောင်သော သန္ဓေတပ်ဖွဲ့ဝင် (၃၄) ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၁၀)ဦး၊ မီးငြှိမ်းသတ်ယာဉ် (၂)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီးတို့ဖြင့် ငြှိမ်းသတ်ခဲ့ရာ ၉ နာရီ ၅၃ အချိန်ခန့်တွင် မီးငြိမ်းသွားခဲ့သည်။

ဖြစ်စဉ်မှာ ဒေါ်ဆန်းဝင်းရီ(ခ)ဘုမ၏ (အလျား ၁၀ ပေ၊ အနံ ၁၀ ပေ) ဓနိမိုး၊ ဝါးထရံကာ ကွမ်းယာဆိုင်တွင် ညနေစာထမင်းချက်ပြုတ်ပြီး မီးကြွင်းမီးကျန် မငြှိမ်းဘဲထားခဲ့ရာမှ အနီးရှိဝါးထရံသို့ မီးကူးစက်လောင်ကျွမ်းခြင်းဖြစ်ကြောင်း၊ ထိုမှတစ်ဆင့် အနီးရှိ ဓနိမိုး၊ ဝါးထရံကာ၊ ပျဉ်ခင်း၊ ကုန်စုံဆိုင်ကို မီးကူးစက် လောင်ကျွမ်းခဲ့ကြောင်း၊ အဆိုပါမီးလောင်မှုကြောင်း လူနှင့်တိရစ္ဆာန် ထိခိုက်သေဆုံးမှုမရှိကြောင်း၊  မီးဘေးသင့်ပြည်သူများမှာ နီးစပ်ရာ ဆွေမျိုးများထံတွင် ယာယီနေထိုင်လျက်ရှိကြောင်း၊ မီးပေါ့ဆစွာမီးသုံးစွဲသူ ဒေါ်ဆန်းဝင်းရီ(ခ)ဘုမအား ဘူးသီးတောင်မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်မီးသတ်ဦးစီးမှူး ဦးထွန်းဝင်းနိုင်မှသိရသည်။

လှကျော်( ပြန်/ဆက်)