မောင်တော ဖေဖော်ဝါရီ ၁၁
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲပြုလုပ်ပွဲကို ယမန်နေ့ နေ့လယ် ၃ နာရီ အချိန်က မြို့မအားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ နယ်မြေခံ စစ်ဆင်ရေး ကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်သူရိန်ထွန်း၊ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးနေဦး နှင့် အဖွဲ့ဝင်များ၊ မောင်တောနှင့် ဘူးသီးတောင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ များနှင့် အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဆရာ/မများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ အားကစားသမားများနှင့် ပြည်သူ လူထုများ တက်ရောက်အားပေးကြသည်။ အဆိုပါ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသားအလွတ်တန်းဘောလုံး ဗိုလ်လုပြိုင်ပွဲကို ကျင်းပပြုလုပ်ရာ “Western king FC” နှင့် “ရွှေ ဘူးသီး” အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး “ရွှေဘူးသီး”အသင်းက အနိုင်ရရှိခဲ့သည်။ ထို့နောက် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၏ ချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲကို ကျင်းပြုလုပ်ခဲ့ရာ မောင်တောခရိုင်နှင့် ဘူးသီးတောင်မြို့နယ် အသင်း တို့ ယှဉ်ပြိုင်ကစားခဲ့ပြီး ဘူးသီးတောင်မြို့နယ်အသင်းမှ အနိုင်ရရှိခဲ့သည်။ ဆက်လက်၍ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ပြုလုပ်ရာ ပြိုင်ပွဲအတွင်း ပထမ၊ ဒုတိယ၊ တတိယ နှင့် အထူးဆုများရရှိသော အသင်းများအား နယ်မြေခံစစ်ဆင်ရေး ကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်သူရိန်ထွန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးနှင့် အဖွဲ့ဝင်များက လည်ဆွဲတံဆပ်နှင့် ဂုဏ်ပြုဆုများအား အသီးသီး ချီးမြှင့်ပေးခဲ့ကြသည်။ အဆိုပါ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်း အမှတ် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲအတွင်း နေရာအလိုက် အကောင်းဆုံး ကစားသမားဆု ရရှိသူများအား ပြည်ထောင်စုနေ့အခမ်းအနားတွင် ဆုချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။
သက်လွင်စိုး၊အောင်ကျော်စိန်