ရသေ့တောင်မြို့ရှိနေအိမ်များ မီးဘေးလုံခြုံရေးအတွက် တစ်အိမ်တက်ဆင်း မီးသတိမူရေးကွင်းဆင်းစစ်ဆေးအကြံပေး

ရသေ့တောင် ဖေဖော်ဝါရီ ၁၀

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်ကြုံတွေ့လာပါက ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယနေ့နံနက် ၉ နာရီအချိန်က ရသေ့တောင်မြို့ အရှေ့မြောက်ရပ်ကွက်ရှိနေအိမ်များ မီးဘေးလုံခြုံရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ကြပ်ကြီးအောင်မြတ်လင်းနှင့် တပ်ဖွဲ့ဝင်များက တစ်အိမ်တက်ဆင်းအကြံပြုစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့သည်။

ထိုသို့ စစ်ဆေးအကြံအကြံပြုခြင်းနှင့် အသိပညာပေးရာတွင် မြို့နယ်မီးသတ်ဦးစီးမဌာနမှ တပ်ကြပ်ကြီးအောင်မြတ်လင်းက နေအိမ်များတွင် မီးချိတ်၊ မီးကပ်၊ သဲအိတ်နှင့် မီးသတ်ဆေးဘူး စသည့် မီးဘေးကာကွယ်ရေးပစ္စည်းများအား အသင့်ထားရှိရေး၊ နေအိမ်များတွင် လောင်စာဆီများသိုလှောင်ခြင်းမပြုရန်၊ အိမ်တွင်တပ်ဆင်ထားသော ဟောင်းနွမ်းလျှပ်စစ်ဝါယာကြိုးများနှင့် ပျက်စီးနေသောလျှပ်စစ် ပစ္စည်းများအား အသုံးမပြုကြရန်၊ မီးသွေးမီးဖိုဖြင့် ထမင်း၊ ဟင်းချက်ပြုတ်ပြီးပါက မီးကြွင်းမီးကျန်များအား စနစ်တကျမီးငြိမ်းသတ်ကြရန်၊ စသည့်တို့ကို စစ်ဆေးအကြံပေးကြသည်။

ထို့အပြင် မီးဘေးအန္တရာယ်ကင်းဝေးစေရန် ဆောင်ရန်၊ ရှောင်ရန် နည်းလမ်းများကိုလည်း ပြောကြားခဲ့ကြကြောင်း သိရသည်။

ထွန်းလင်းကျော်