(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အလွတ်တန်းဘော်လီဘော(အမျိုးသား)ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

ဂွ ဖေဖော်ဝါရီ ၁၀

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ၂၀၂၃-ခုနှစ်၊ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အလွတ်တန်း ဘော်လီဘော(အမျိုးသား)ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နေ့လယ်ပိုင်းက မြို့မအားကစားကွင်းရှိ မြို့မအားကစားရုံအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် အားကစားသမားများ ကွင်းအတွင်းနေရာယူပြီးနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်ကျော်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် စစ်ကြောင်းမှူးကဦးဆောင်၍ အားကစားသစ္စာအဓိဋ္ဌာန်(၄)ချက် ရွတ်ဆိုပြီးနောက် အားကစားသမားများ ကွင်းအတွင်းမှပြန်လည်ထွက်ခွာခဲ့ပြီး ကြွေချိုင်အသင်းနှင့် မြေစာရင်း(က)အသင်းနှစ်သင်းကစတင်ကာ အသင်း(၈)သင်းမှ ယှဉ်ပြိုင်ကစားခဲ့ကြသည်။ ဖေဖော်ဝါရီလ(၁၁)ရက်နေ့တွင် ဆီမီးဖိုင်နယ်နှင့် ဗိုလ်လုပွဲကို ကျင်းပသွားမည်ဖြစ်ကြောင်းနှင့် ဖေဖော်ဝါရီ(၁၂)ရက်နေ့တွင် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ရွှေရည်ဝင်းကျော်