ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကဗျာရွတ်ပြိုင်ပွဲကျင်းပ

ကျောက်တော် ဖေဖော်ဝါရီ ၁၀

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့မွန်းလွဲ ၁ နာရီအချိန်က ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကဗျာရွတ်ပြိုင်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်အေးမြသန်းမှ ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ကျောင်းသူ/ကျောင်းသားများ၊ လူငယ်များအနေဖြင့် စာကြည့်တိုက်နှင့်ရင်းနှီးမှုရှိစေရန်၊ စာအုပ်စာပေလူ့မိတ်ဆွေဆိုသည့်အတိုင်း စာအုပ်စာပေများနှင့်ရင်းနှီးကျွမ်းဝင်၍ စာအုပ်စာပေများကို မြတ်နိုးတန်ဖိုးထားတတ်စေရန်တို့ကို ပြောကြားပြီးနောက် ကဗျာရွတ်ပြိုင်ပွဲတွင် လိုက်နာရမည့် စည်းကမ်းချက်များ၊ အမှတ်ပေးစည်းကမ်းများအား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ကဗျာရွတ်ဆိုပြိုင်ပွဲကို ဆက်လက်ကျင်းပပြုလုပ်ရာ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့် ပြိုင်ပွဲဝင် ကျောင်းသား/ကျောင်းသူ(၂၀)ဦးတို့မှ ပြည်ထောင်စုနေ့နှင့်ပတ်သက်သော ကဗျာခေါင်းစဉ်များဖြင့် ဝင်ရောက်ယဉ်ပြိုင်ကြပြီး ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများကို တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

ခင်မောင်ထွန်း