ပုဏ္ဏားကျွန်း ဖေဖော်ဝါရီ ၁၀
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင်ကျရောက်မည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကဗျာရွတ်ဆိုပြိုင်ပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က ကျင်းပခဲ့သည်။
ရှေးဦးစွာ ပုဏ္ဏားကျွန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးသိန်းတန်အောင်က ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့် ပြိုင်ပွဲစည်းကမ်းချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ကဗျာရွတ်ဆိုပြိုင်ပွဲကို ဆက်လက်ကျင်းပခဲ့ရာ ပြိုင်ပွဲတွင် ပုဏ္ဏားကျွန်းမြို့ အမှတ်(၃)အခြေခံပညာမူလတန်း(လွန်)ကျောင်းနှင့် မူလွန်(မြို့သစ်)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ(၁၀)ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး၊ ကဗျာရွတ်ဆိုပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိခဲ့သည့် ကျောင်းသား/သူများကို ဆုအသီးသီးချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
နီထွန်းအောင်