သံတွဲခရိုင် ငပလီ​မြို့ ပြန်​ကြား​ရေးနှင့်​ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနရုံး၌(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အကြို မူလတန်းအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပ

ငပလီ ဖေဖော်ဝါရီ ၁၀

ငပလီမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အကြို မူလတန်းအဆင့် ဆေးရောင်ခြယ် ပြိုင်ပွဲကို ယနေ့နေ့လယ် (၁ )နာရီအချိန်ကပြန်​ကြား​​ရေးနှင့်​ပြည်သူ့ဆက်ဆံ​ရေးရုံးငပလီရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ငပလီမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီမှူး ဒေါ်မြင့်​မြင့်​​​အေးက ဆေးရောင်ခြယ်ပြိုင်ပွဲများ ကျင်းပခြင်း ၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက်​ ဆေး​ရောင်​ခြယ်ပြိုင်ပွဲကို ကျင်းပပြုလုပ်ရာ အမက(ငပလီ)မူလွန်ကျောင်းမှ​ကျောင်း သား၊ ​ကျောင်းသူ​လေးများ​ကယှဉ်ပြိုင်ခဲ့ကြသည်။

ပြိုင်ပွဲများအပြီးတွင် ​မြို့ဦးစီးမှူးနှင့်ဝန်ထမ်းများက ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူများအား အမှတ်တရလက်ဆောင်ပစ္စည်းများအား ပြိုင်ပွဲဝင် လက်ဆောင်အဖြစ်ချီးမြှင့်ပေးခဲ့ကြသည်။

အဆိုပါ ပြိုင်ပွဲများကျင်းပရခြင်းမှာ ကလေးများ အသိပညာဗဟုသုတ ဖွံ့ဖြိုးတိုးတက်စေရေး၊ ကာယ၊ ဉာဏဖွံ့ဖြိုးတိုးတက်စေရေး၊ စာကြည့်တိုက်နှင့်ရင်းနှီးမှုရရှိစေပြီး စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ကျင်းပပေးလျက်ရှိပါသည်။

ငပလီပြန်/ဆက်