ပုဏ္ဏားကျွန်း ဖေဖော်ဝါရီ ၁၀
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင်ကျရောက်မည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ပုံပြောပြိုင်ပွဲကို ယမန်နေ့၊ မွန်းလွဲ(၂)နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ပုံပြောပြိုင်ပွဲတွင် ပုဏ္ဏားကျွန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဦးသိန်းတန်အောင်က ကျောင်းသား/သူများအနေဖြင့် ပြည်သူ့စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်လာပြီး ကျောင်းအားလပ်ချိန်များတွင် စာပေဖတ်ရှုတတ်သည့် အလေ့အထကောင်းများ ပိုမိုရရှိလာစေရန်နှင့်ပုံပြောပြိုင်ပွဲတွင် လိုက်နာရမည့် အမှတ်ပေးစည်းကမ်းချက်များကို ရှင်းလင်းပြော ကြားခဲ့သည်။
ထို့နောက် ပြိုင်ပွဲကိုဆက်လက်ကျင်းပရာ ပုဏ္ဏားကျွန်းမြို့ မူလွန်(မြို့သစ်)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ ၈ ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး၊ ပြိုင်ပွဲတွင် ဆုရရှိခဲ့သည့် ကျောင်းသား/သူများကို ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြောင်းသိရသည်။
နီထွန်းအောင်(ပြန်/ဆက်)