အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ အမ်းခရိုင်၊ အမ်းမြို့နယ်အတွင်းရှိ သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများကို ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

အမ်း ဖေဖော်ဝါရီ ၁၀                                                                                        

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၊ ဆင်ခုံတိုင်ကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ သံဃာတော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များနှင့် ဒေသခံပြည်သူများအား အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးနှင့် နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများ ပါဝင်သော ဆေးကုသရေးအဖွဲ့က  ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းက စတင်ပြီး အမ်းရိုးပေါ်ရှိ ဆင်ခုံတိုင်ကျေးရွာ၌ ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ အမ်းရိုးမပေါ်ရှိ ကျေးရွာများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက် ရှိရာမျက်စိရောဂါ (၃၈)ဦး၊ သွားရောဂါ(၃၂)ဦး၊ ခွဲစိတ်ရောဂါ(၃၁)ဦး၊ နား၊ နှာခေါင်း၊လည် ချောင်းရောဂါ(၁၀)ဦး၊ ဖျားနာရောဂါ(၇၃)ဦး၊ ကလေး(၃၀)ဦး၊ သား ဖွား/မီးယပ်(၁၆)ဦး၊ အရိုး၊ အကြော(၇၂) ဦး၊ စုစုပေါင်းလူနာ ၃၀၂ ဦးအား လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး ECG နှင့်  အမ်ထရာဆောင်းတို့ဖြင့်  ရောဂါရှာဖွေ စမ်းသပ်ပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်နေမှုအား အနောက်ပိုင်းတိုင်း စစ်ဌာန ချုပ်၊ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကျော်မင်းနှင့် တာဝန်ရှိသူများ၊ ခရိုင်အုပ် ချုပ်ရေးမှူး ဦးအောင်ဇော်ထက်၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များက လှည့်လည် ကြည့်ရှုအားပေးပြီး ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကာ ဆေးရုံတက်ရောက် ကုသရန် လိုအပ်သူများအား နယ်မြေခံတပ်မတော်ဆေးရုံတွင် တက်ရောက်ဆေးကုသမှုခံနိုင်ရေးအတွက် တာဝန်ရှိသူများနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ဆင်ခုံတိုင်ကျေးရွာ ထေရဝါဒ ဗုဒ္ဓသာသနာပြုကျောင်း ဆရာတော်ဘဒ္ဒန္တသုဂန္ဓအား လှူဖွယ်ပစ္စည်းများနှင့် နေ့ဆွမ်းဆပ်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။ 

စိုးမင်းထွန်း (ပြန်/ဆက်)