မာန်အောင် ဖေဖေါ်ဝါရီ ၁၀
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ၂၀၂၃-ခုနှစ် ဖေဖေါ်ဝါရီလ(၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီက ပြုလုပ်ခဲ့သည်။
ထိုသို့ ဟောပြောရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးရန်ငြိမ်းက ကျောင်းသား/သူများအား မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်စေရေး၊ အသိပညာ ဗဟုသုတ ရရှိစေရေးအတွက် ဟောပြောရခြင်းဖြစ်ကြောင်း ပြောကြားပြီး ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံ၊ မျိုးချစ်စိတ်ဓာတ်နှင့် တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်ရေးတို့ကို ဟောပြောခဲ့ရာ ဟောပြောပွဲသို့ ရန်အောင်မြင်ရပ်ကွက်၊ အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသား/သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
သိန်းဖေ(ပြန်/ဆက်)