ဂွ ဖေဖော်ဝါရီ ၁၀
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ မြို့နယ် ပြည်သူ့ဆေးရုံတွင် အရေးပေါ် အသုံးပြုနိုင်ရန်အတွက် (5KW) မီးစက်တစ်လုံး ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ပေးအပ်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်ကျော်နှင့် အဖွဲ့ဝင်များက မြို့နယ်ပြည်သူ့ဆေးရုံတွင် အရေးပေါ်အသုံးပြုနိုင်ရန်အတွက် ကျပ်(၂၈) သိန်းတန်ဖိုးရှိ INGCO Silent diesel Generator GSE 5000 (5KW) မီးစက်တစ်လုံးကို ပေးအပ်ခဲ့ရာ မြို့နယ်ကုသရေးနှင့် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကောင်းစံမြတ်က လက်ခံရရယူခဲ့ကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်