ဘူးသီးတောင် ဖေဖော်ဝါရီ ၁၀
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (CommunityCentre)ခန်းမ၌ ယနေ့မွန်းလွဲ (၃) နာရီအချိန်က (၇၆)နှစ် ပြည်ထောင်စုနေ့ အထိမ်းအမှတ်(အကြို) ကျောင်းသား၊ကျောင်းသူကလေးများနှင့် ပျော်ရွှင်စရာကလေးတို့ကမ္ဘာ အစီအစဉ်များ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပျော်ရွှင်စရာ ကလေးတို့ကမ္ဘာ အစီအစဉ် ဘူးသီးတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးအောင်က ကျောင်းသား၊ကျောင်သူကလေးများအား (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံအား အသိပညာပေး ဟောပြောခြင်းနှင့် ကျောင်းသား၊ကျောင်းသူ လူငယ်များ အချိန်ကို အကျိုးရှိစွာ အသုံးပြုတတ်လာစေရန်နှင့် စာပေဖတ်ရှုခြင်းမှ ရရှိလာသည့် အသိပညာ ဗဟုတများကို ပြန်လည်မျှဝေတတ်စေရန်နှင့် အပြန်အလှန် ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် စာအုပ်၊စာပေများ လေ့လာဖတ်ရှုတ်ကြရန် အသိပညာပေး ဟောပြောပြီး၊ နံရံကပ်စာစောင်များ ပြသခဲ့ကြရာ စိတ်ဝင်တစား လေ့လာခဲ့ကြသည်။
ထို့နောက် ပျော်ရွှင်စရာ ကလေးတို့ကမ္ဘာ အစီအစဉ်အဖြစ် မုန့်ကိုက်ပြိုင်ပွဲ၊ စိတ်ကြိုက်ပန်းချီဆွဲပြိုင်ပွဲ၊ ဗူဖောက်ဖောက်ပြိုင်များ ကျင်းပခဲ့ပြီး ကျောင်းသား၊ကျောင်းသူများအား လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြသည်။
အဆိုပါ(၇၆) နှစ်မြောက် အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် ပျော်ရွှင်စရာ ကလေးတို့ကမ္ဘာ အစီအစဉ် အထက(၁)မှ ကျောင်းသား၊သူ(၂၅)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
လှကျော်(ပြန်/ဆက်)