ကျောက်တော် ဖေဖော်ဝါရီ ၉
မြောက်ဦးခရိုင်၊ ကျောက်တော်မြို့၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ ဓာတ်ပုံပြပွဲနှင့်စာအုပ်ပွဲကို ယနေ့မွန်းလွဲ ၂ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ကျင်းပ ပြုလုပ်သည်။
အခမ်းအနားတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဖြူဖြူဝင်းက ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံသမိုင်းအကြောင်းအရာများ၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်ကြီးများ၏ ပင်လုံစာချုပ်ကိုသဘောတူချုပ်ဆိုနိုင်ရေး ကြိုးပမ်းခဲ့ပုံများနှင့် တိုင်းရင်းသားများ ပြည်ထောင်စုစိတ်ဓာတ်ဖြင့်ပူးပေါင်းဆောင်ရွက်၍ သမိုင်းမှတ်တမ်းတင်နိုင်ရေး ကြိုးပမ်း ဆောင်ရွက်မှုများကို အသိပညာပေးပြောကြားသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် နံရံကပ်စာစောင်များ၊ ဓာတ်ပုံပြပွဲများနှင့် စာအုပ်စာစောင်များကို ကျောင်းသား ကျောင်းသူများက စိတ်ပါဝင်စားစွာလေ့လာကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။
ခင်မောင်ထွန်း