ကျောက်တော် ဖေဖော်ဝါရီ ၉
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ လူငယ်များ အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းကို ယနေ့ နံနက် ၁၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကျောက်တော်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်အေးမြသန်းက လူငယ်စကားဝိုင်းကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် လူငယ်များအနေဖြင့်လူငယ်ရေးရာစကားဝိုင်းမှ အသိဉာဏ်ပညာဗဟုသုတ များပိုမိုရရှိစေရေး၊ စကားပြောအတတ် ပညာကျွမ်းကျင်တတ်မြောက်ပြီး လူအများရှေ့၌ရဲ့ဝံ့စွာ ပြောဆိုဆက်ဆံတတ်စေရေး စသည့်အလေ့အကျင့်ကောင်းများရရှိစေရန် ယခုလိုလူငယ်စကားဝိုင်းများ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ Grade-5 မှ မောင်ကျော်နိုင်စိုးက အနာဂတ်နှင့်လူငယ်၊ Grade-5 မှ ကျောင်းသူ မချမ်းငြိမ်းဝေထွန်းကလည်း စည်းကမ်းရှိမှအောင်မြင်မည် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-6 မှ ကျောင်းသား မောင်ကောင်းခန့်က စာဖတ်ခြင်း၏အကျိုး ကျေးဇူး၊ Grade-6 မှ ကျောင်းသား မောင်ထူးမြတ်ကျော်မှလည်း မူးယစ်အန္တရာယ် ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြသည်။
ထို့နောက် တက်ရောက်လာကြသော ကျောင်းသူ၊ကျောင်းသားများကလည်း မိမိတို့သိရှိလို သည့် အကြောင်းအရာများကိုမေးမြန်းကြရာ ဦးဆောင်ဆွေးနွေးသူများကပြန်လည် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ခင်မောင်ထွန်း