ဂွ ဖေဖော်ဝါရီ ၉
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ဂွမြို့နယ်တွင် မီးဘေးလုံခြုံရေး အသိပညာပေး Talk Show ကို ယနေ့မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အသိပညာပေး Talk Showတွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနနှင့် မြို့နယ်မီးသတဦးစီးဌာနတို့ပူးပေါင်း၍ ဆောင်ရွက်ခဲ့ရာ ပထမဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ရွှေရည်ဝင်းကျော်က မီးဘေးလုံခြုံရေးအသိ ပညာပေးဆောင်ရွက်ပေးပါရန် ဖိတ်ခေါ်ဆွေးနွေးခဲ့ရာ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးမင်းထွန်းက ပြည်သူများအနေဖြင့် မီးသတ်ဦးစီးဌာနနှင့်ပူးပေါင်း၍ မီးဘေးလုံခြုံရေးကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ နေအိမ်များနှင့် ဌာနဆိုင်ရာရုံးများ၌ မီးလောင်မှု၊ မီးလန့်မှုများမဖြစ်ပွားစေရေး၊ မီးဘေးသတိရှိရေး၊ မီးဘေးကြိုတင်ကာကွယ် ရေးအတွက် မီးချိတ်၊ မီးကပ်၊ သဲပုံး၊ ရေပုံးများနှင့် မီးသတ်ဆေးဘူးများ အဆင်သင့်ထားရှိရန်နှင့် လျှပ်စစ်သွယ်တန်းမှု စနစ်တကျရှိစေရေးနှင့် ဟောင်းနွမ်းနေသော မီးပလပ်/ခလုတ်များအား လဲလှယ်တပ်ဆင်အသုံးပြုကြစေရေး၊ မီးဘေးလုံခြုံရေး စီမံချက်များရေးဆွဲပြီး ဇာတ်တိုက်လေ့ကျင့်မှုများ ပြုလုပ်ထားကြပြီး မီးဘေးလုံခြုံရေး စီမံချက်များအတိုင်း အကောင်အထည်ဖော်ဆောင်ရွက်သွားကြစေရေး၊ မတော်တဆမီးလောင်မှုဖြစ်ပွားပါက ကနဦး လက်ဦးမှုရယူ၍ ငြှိမ်းသတ်နိုင်ကြစေရေးနှင့် ဆက်သွယ်ရမည့်ဖုန်းနံပါတ်များအတိုင်း ဆက်သွယ်ဆောင်ရွက်နိုင်ကြစေရေး ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်