ငပလီ ဖေဖော်ဝါရီ ၉
ငပလီမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အကြို မူလတန်းအဆင့် ဆေးရောင်ခြယ် ပြိုင်ပွဲကို ယနေ့ နေ့လယ် (၁ )နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးရုံးငပလီရုံးခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ငပလီမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီမှူး ဒေါ်မြင့်မြင့်အေးကဆေးရောင်ခြယ်ပြိုင်ပွဲများ ကျင်းပခြင်း ၏ရည်ရွယ်ချက်များကိုရှင်းလင်းပြောကြားသည်။ ထို့နောက် ဆေးရောင်ခြယ်ပြိုင်ပွဲကို ကျင်းပပြုလုပ်ရာ အမက(ငပလီ)မူလွန်ကျောင်းမှကျောင်း သားကျောင်းသူလေးများကယှဉ်ပြိုင်ခဲ့ကြသည်။
ပြိုင်ပွဲများအပြီးတွင် မြို့ဦးစီးမှူးနှင့်ဝန်ထမ်းများကပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူများအား အမှတ်တရလက်ဆောင်ပစ္စည်းများအား ပြိုင်ပွဲဝင် လက်ဆောင်အဖြစ်ချီးမြှင့်ပေးခဲ့ကြသည်။
အဆိုပါ ပြိုင်ပွဲများကျင်းပရခြင်းမှာ ကလေးများ အသိပညာဗဟုသုတဖွံ့ဖြိုးတိုးတက်စေရေး၊ ကာယ၊ဉာဏဖွံ့ဖြိုးတိုးတက်စေရေး၊ စာကြည့် တိုက်နှင့်ရင်းနှီးမှုရရှိစေပြီး စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ကျင်းပပေးလျက် ရှိကြောင်းသိရသည်။
ငပလီပြန်/ဆက်