ကျိန္တလီ ဖေဖော်ဝါရီ ၉
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ်ထုတ်ဝေသည့် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှဝန်ထမ်းများက (အခမဲ့)ဖြန့်ဝေပေးခဲ့ကြသည်။
အဆိုပါ သတင်းစကားလက်ကမ်း စာစောင်တွင် ၂၀၂၃-ခုနှစ်၊ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အမျိုးသားရေးဦးတည်ချက်များ၊ ၁၉၄၆-ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ဖဆပလ အဖွဲ့ချုပ်ကြီး၏ နိုင်ငံလုံးဆိုင်ရာညီလာခံတွင်ပြောကြားခဲ့သော မိန့်ခွန်းမှကောက်နုတ်ချက်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ၁၂-၂-၂၀၂၂ရက်နေ့ (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနားတွင် ပြောကြားခဲ့သည့်မိန့်ခွန်းမှ ကောက်နှုတ်ချက်များ၊ “စည်းလုံးညီညွတ်မှုမှသည်ထာဝရငြိမ်းချမ်းရေးဆီသို့” ဆောင်းပါးတို၊ “စစ်မှန်သော မျိုးချစ်စိတ်ဓာတ်” စသည့် ဆောင်းပါးတိုများနှင့် “တွဲလက်ခိုင်ကျည်ပေါင်းစုညီ၊ တို့ညီနောင်ထုပြည်ထောင်စု”၊ “တိုင်းရင်းသားများစည်းလုံးအားဖြင့်၊ လက်တွဲမပျက်ရှေ့သို့ဆက်”၊ “ညီညွတ်ခြင်းသည်စွမ်းအင်၊ စည်းလုံးခြင်းသည်ခွန်အား၊ ပြည်ထောင်စု၏နှလုံးသား”၊ စသည့်ဆောင်ပုဒ်များ၊ စာရေးဆရာ ဖိုလေးလုံးသောင်းကိုကို ရေးသားထားသော “စုဖွဲ့ပြည်ထောင် လှေတစ်စင်းရယ်နဲ့” ကဗျာနှင့်ကာတွန်းများပါရှိပြီး လက်ကမ်းစာစောင်ကို ပြန်ကြားရေးနှငြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှ ထုတ်ဝေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)