ပေါက်တောမြို့၌ မွေးစမှအသက်တစ်နှစ်အောက်ကလေးများ ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး ခြင်းများဆောင်ရွက်

ပေါက်တော ဖေဖော်ဝါရီ ၉

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့၌မြို့ပေါ် (၅)ရပ်ကွက်အတွင်းရှိ မွေးစမှအသက် တစ်နှစ်အောက် မွေးကင်းစကလေးငယ်များအား ပုံမှန်ကာကွယ် ဆေးထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ စတင်ဆောင်ရွက်ပေးလျက်ရှိ​သည်။

ထိုသို့ပုံမှန်ကာကွယ်ဆေး ထိုးနှံ/တိုက်ကျွေးပေးရာတွင် ကျန်းမာရေးဝန်ထမ်းများက ပေါက်တောမြို့ပေါ် (၅)ရပ်ကွက်မှ မွေးစမှ အသက်တစ်နှစ်အောက် ကလေးများအား ဘီစီဂျီ၊ ပိုလီယို၊ ဆုံဆို့- ကြက်ညှာ- မေးခိုင် - အသည်းရောင် အသားဝါ(ဘီ) - ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)၊ ပိုလီယိုကာကွယ်ဆေးထိုးဆေး၊ ပြင်းထန်အဆုတ်ရောင် (ပီစီဗီ)၊ ဝက်သက်-ဂျိုက်သိုးစသည့် ကာကွယ်ဆေးများကို သတ်မှတ်ဆေးထိုးရက်များအလိုက် ကာကွယ်ဆေးများ ပုံမှန်ထိုးနှံ/တိုက်ကျွေးခြင်းနှင့် ကျေးရွာများသို့ကွင်းဆင်း၍ အကြိမ်ရေအလိုက် ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

မြို့နယ်( ပြန်/ဆက်)