မိုးနဲမြို့နယ်‌၌ ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ

မိုးနဲ ဖေဖော်ဝါရီ ၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ဥယျာဉ်ရပ်ကွက် ဟောဝင်းအတွင်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက (၇၆)နှစ်မြောက် ပြည် ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက် ၈ နာရီအချိန်က အခြေခံပညာကျောင်းရှေ့ စာသင်ခန်းများနှင့် ဆရာ/ဆရာမများထံ အခမဲ့ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။

အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် “တွဲလက်ခိုင်ကျည် ပေါင်းစုညီ တို့ညီနောင်ထု ပြည်ထောင်စု”၊ “စည်းလုံးညီညွတ်မှုမှသည် ထာဝရငြိမ်းချမ်းရေးဆီသို့”၊ (၇၆) နှစ် မြောက် ပြည်ထောင်စုနေ့ အမျိုးသားရေး ဦးတည်ချက်များ၊ စစ်မှန်သောမျိုးချစ်စိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်၊ “တိုင်းရင်းသားများ စည်းလုံးအားဖြင့် လက်တွဲမပျက် ရှေ့သို့ဆက်”၊ “စုဖွဲ့ပြည်ထောင် လှေတစ်စင်းရယ်နဲ့” အစရှိသည့် ဆောင်းပါး၊ ကဗျာနှင့် ကာတွန်းတို့ပါရှိသည့် လက်ကမ်းစာစောင်များကို ကျောင်းသား/သူများ လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဇင်ကိုကို(ပြန်/ဆက်)