ရသေ့တောင်မြို့နယ်တွင် (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို အသိပညာပေး ဟောပြောပွဲ ပြုလုပ်ဆောင်ရွက်

ရသေ့တောင်  ဖေဖော်ဝါရီ ၉

ရခိုင်ပြည်နယ်၊စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ယမန်နေ့ မွန်းလွဲ(၁)နာရီက (၇၆)နှစ် မြောက်ပြည်ထောင်စုနေ့အကြို အသိပညာပေးဟောပြောပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဒုတိယဦးစီးမှူးဒေါ်တင်ဇာဦးကကျောင်းသား၊ ကျောင်းသူလေးများ သမိုင်းဝင်နေ့ထူးနေ့မြတ်များကို ရင်ထဲတွင်ထာဝစဉ် မှတ် သားသိရှိစေရန်၊  အမှားအမှန် ဝေဖန်ပိုင်းခြား တတ်စေ ရန်၊ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်စေရန်စသည့် ရည်ရွယ်ချက်များဖြင့် ဟော ပြောပွဲပြုလုပ် ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း၊ ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ သမိုင်းဝင်ပင်လုံစာချုပ်နှင့်ပတ်သက်သောအကြောင်းအရာများကို  ကျောင်းသား၊ကျောင်းသူလေးများ သိရှိစေရန် အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများကဟောပြောပွဲ တက်ရောက်သူကျောင်းသား၊ကျောင်းသူလေးများအား စားစရာများဖြင့်ဧည့်ခံကျွေးမွေးခဲ့ကြသည်။

မြို့နယ်(ပြန်/ဆက်)