မောင်တော ဖေဖော်ဝါရီ ၉
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ၂၀၂၃ ခုနှစ် ၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုသောအားဖြင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီအချိန် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်လျက်ရှိသည်။
အဆိုပါ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုသောအားဖြင့် စာစီစာကုံးပြိုင်ပွဲကို ကျင်းပပြုလုပ်ရာတွင် အခြေခံပညာကျောင်းများမှ ကျောင်းသား၊ကျောင်းသူလေးများက အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ကျောင်းသား/သူ (၁၁)ဦးက “တန်ဖိုးထားအပ် ပြည်ထောင်စု စိတ်ဓာတ်” ခေါင်းစဉ်ဖြင့် လည်းကောင်း ၊ အလယ်တန်းအဆင့် စာစီ စာကုံးပြိုင်ပွဲတွင် ကျောင်းသား/သူ(၁၄)ဦးက “ပြည်ထောင်စုနေ့မြင်ကွင်း” ခေါင်းစဉ်ဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး စာစီစာကုံး ပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား/သူများကို ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် ပြည်ထောင်စု နေ့ အခမ်းအနားတွင် ဆုချီးမြှင့်ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။
သက်လွင်စိုး၊အောင်ကျော်စိန် (ပြန်/ဆက်)