ရခိုင်ပြည်နယ် မောင်တောမြို့၌ အသစ်ခန့်အပ်မည့် လက်ထောက်မူလတန်းပြဆရာ၊ဆရာမများအား လုပ်ငန်းခွင်အကြိုရက်တို သင်တန်း ဆင်းပွဲပြုလုပ်

မောင်တော ဖေဖော်ဝါရီ  ၉

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌  လက်ထောက်မူလတန်းပြ အသစ်ခန့်အပ်မည့် ပြင်ပပုဂ္ဂိုလ်များ၏ လုပ်ငန်းခွင်အကြို ရက်တို သင်တန်းဆင်းပွဲကို  ဖေဖော်ဝါရီ ၆ ရက်နေ့ ညနေပိုင်းက အ.ထ.က(၁) အခြေခံ ပညာ အထက်တန်းကျောင်းတွင်ပြုလုပ်ခဲ့ကြသည်။

ရှေးဦးစွာ မြို့နယ်ပညာရေးမှူး  ဦးအောင်မြင့်သိန်းက သင်တန်းဖွင့်လှစ်ပို့ချပေးရခြင်းနှင့် ပတ်သတ်၍ရှင်းလင်းပြောကြားပြီးသင်တန်းမှ ပို့ချပေးသည့် ဘာသာရပ်များ၊ သိသင့်သိထိုက်သင့် အကြောင်း အရာများ၊ နည်းပြများက ပို့ချပေးလိုက်သည့် ဘာသာရပ်များကို စနစ်တကျ လေ့လာမှတ်သားပြီးမိမိတို့ တာဝန်ကျသည့် ကျောင်းများသို့ ရောက်ရှိသောအခါ မိမိတို့မြို့နယ်နှင့် ကျောင်းအားပညာရေးမြင့်မား တိုးတက်အောင်တစ်ဖက်တစ်လမ်းမှ ဝိုင်းဝန်းဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း မှာကြားခဲ့သည်။ ထို့နောက် နည်းပြဆရာကြီး /ဆရာမကြီး များက တစ်ဦးချင်း  လမ်းညွန်အမှာစကားများပြောကြားပြီး သင်တန်းသားများကိုယ်စား ဆရာ၊ ဆရာမ တစ်ဦးစီက  ကျေးဇူးတင်စကားပြောကြားခဲ့သည်။ အဆိုပါ မြို့နယ်အတွင်း အခြေခံပညာ လက်ထောက်မူလတန်းပြအသစ် ခန့်အပ်မည့်  ဆရာ၊ဆရာမ ၅၀ ဦးအား ဖေဖော်ဝါရီ ၂ ရက်နေ့မှ ၆ ရက်နေ့အထိ  သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

သက်လွင်စိုး(ခရိုင်ပြန်/ဆက်)