မိုင်းယောင်း ဖေဖော်ဝါရီ ၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့နံနက်ပိုင်းက မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နန်းပန်က အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒ၊ မဟာဗျူဟာ (၂)ရပ်နှင့် နည်းဗျူဟာ (၃) ရပ်ကို ဆွေးနွေးခဲ့ပြီး ရုပ်သံကျွမ်းကျင်-၃ ဒေါ်နန်းစီဖေါင်းက “မူးယစ်ဆေးဝါးပြဿနာနှင့် ဖွံ့ဖြိုးတိုးတက်ရေး”အကြောင်းကို ဆွေးနွေးခဲ့သည်။
ထို့နောက် အငယ်တန်းစာရေး ဦးထွန်းမြင့်လှိုင်က မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ စိတ်ပိုင်းဆိုင်ရာဆိုးကျိုးများနှင့် မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများကို ဆွေးနွေးပြီး လုပ်သားရုပ်သံ ဒေါ်ဝေဝေခိုင်က “ဝိုင်းဝန်းကာကွယ် မူးယစ်ဆေးဝါးအန္တရာယ်”အကြောင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း