ကျောက်တော် ဖေဖော်ဝါရီ ၉
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာပေချစ်မြတ်နိုးသူ လူငယ်များအဖွဲ့နှင့် စာဖတ်ဝိုင်းကို ယမန်နေ့နံနက် ၁၁ နာရီ အချိန်က အဆိုပါခန်းမအတွင်း၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့နောက် ကျောက်တော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်အေးမြသန်းက စာကြည့်တိုက်အတွင်း စာဖတ်သူတိုးပွားလာစေရန်၊ ကျောင်းသား၊ကျောင်းသူလူငယ်များအချိန်ကို အကျိုးရှိစွာအသုံးပြုတတ်လာစေရန်နှင့် စာပေဖတ်ရှု ခြင်းမှ ရရှိလာသည့် အသိပညာဗဟုတများ ကိုပြန်လည်မျှဝေတတ်စေရန်နှင့် အပြန်အလှန် ဆွေးနွေးတတ်သည့် အလေ့အကျင့် ကောင်းများရရှိစေရန်ရည်ရွယ်ပြီး ယခုလိုစာဖတ်ဝိုင်း ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်များအားရှင်းလင်းပြောကြားသည်။ ယင်းနောက် စာပေ ချစ်မြတ်နိုးသူများ အဖွဲ့ဝင် မမြတ်နိုးခိုင်က စာရေးဆရာပါမောက္ခ ဒေါက်တာ ကေသီထွန်း ရေးသားသော "လန်းဆန်းသည့် ပန်းဥယျာဥ်အတွက်" ကလေးသူငယ်တို့၏ ကျန်းမာရေး အကြောင်းအရာများအား ဦးဆောင်ဆွေးနွေးခဲ့သည်။ထို့နောက် တက်ရောက်လာသော စာပေ ချစ်မြတ်နိုးသူအဖွဲ့ဝင်များမှလည်း အဆုပ်နှင့်အသက်ရှုလမ်းကြောင်းရောဂါ ဝမ်းပျက်ဝမ်းလျှောနှင့်အစာအိမ်အူလမ်းကြောင်းစသည့် အကြောင်းအရာများအား တစ်ဦးနှင့်တစ်ဦး အပြန် အလှန်ဆွေးနွေးခဲ့ကြသည်။ အဆိုပါစာဖတ်ဝိုင်းသို့ ကျောင်းသား၊ကျောင်းသူ(၂၀) ဦးတက်ရောက် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ခင်မောင်ထွန်း